‹ Homeပင်မစာမျက်နှာ

Teach or assist at our Goodwill Classesစေတနာစာသင်ဝိုင်း ဆရာ/လက်ထောက်ဆရာ လျှောက်ထားရန်

Apply to teach at our online Goodwill Classesအွန်လိုင်း စေတနာစာသင်ဝိုင်း သင်ကြားရေးဆရာ လျှောက်ထားခြင်း

For the 2026-2027 academic year, you can apply to teach Grades 1 to 12 in the online Goodwill Classes run by Best Guide. Grades 1-9 are taught as all subjects. ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် Best Guide မှ ပြုလုပ်မည့် အွန်လိုင်း စေတနာစာသင်ဝိုင်းတွင် G1 မှ G12 အတန်းများအတွက် သင်ကြားရေးဆရာအဖြစ် လျှောက်ထားနိုင်ပါသည်။ G1-G9 သည် ဘာသာစုံ သင်ရပါသည်။

Payလစာ

Pay has a Basic part and an Extra part that depends on the number of students. The Extra part can change, and we will tell you in advance if it does. See the original announcement (page 1) below for the exact rates. လစာတွင် Basic နှင့် ကျောင်းသားဦးရေပေါ်မူတည်သော Extra တို့ ပါဝင်ပါသည်။ Extra သည် ပြောင်းလဲနိုင်ပြီး ပြောင်းလဲပါက ကြိုတင်အသိပေးပါမည်။ နှုန်းထားအသေးစိတ်ကို အောက်ပါ မူရင်းကြေညာချက် (စာမျက်နှာ ၁) တွင် ကြည့်ပါ။

How to applyလျှောက်ထားပုံ

Send your CV and a Cover Letter to the Best Guide – CSR Page on Messenger. Your CV should describe you and your experience; if you send it as a picture, please make sure the picture is clear. You then take part in a Zoom Interview with a school principal and Supervisors. Interviews are arranged around your schedule, usually after 8:00 PM. မိမိ၏ CV နှင့် Cover Letter ကို Best Guide – CSR Page သို့ Messenger မှ ပို့ပါ။ CV တွင် မိမိအကြောင်းနှင့် အတွေ့အကြုံကို ဖော်ပြထားရမည်ဖြစ်ပြီး ပုံအဖြစ် ပို့လျှင် ကြည်လင်သော ပုံကို ပို့ပါ။ ထို့နောက် ကျောင်းအုပ်ကြီးနှင့် Supervisor များ၏ Zoom Interview ကို ဖြေဆိုရပါမည်။ မိမိ၏ အချိန်ဇယားနှင့် ကိုက်ညီအောင် စီစဉ်ပေးပြီး ပုံမှန်အားဖြင့် ည ၈:၀၀ နောက်ပိုင်းတွင် စီစဉ်ဖြစ်ပါသည်။

Apply on MessengerMessenger မှ လျှောက်ထားရန်

What we look forလိုအပ်ချက်များ

  • Apply with a Cover Letter.Cover Letter ဖြင့် လျှောက်ထားရပါမည်။
  • Good communication, and the ability to work well with a team.ပြောဆိုဆက်ဆံရေး ပြေလည်ရမည်၊ အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နိုင်ရမည်။
  • Respect the workplace's privacy.လုပ်ငန်းခွင် Privacy ကို စောင့်ထိန်းနိုင်ရမည်။
  • Teaching experience.သင်ကြားသည့် အတွေ့အကြုံရှိရမည်။
  • Work hand in hand with the Supervisor.ကြီးကြပ်ရေး (Supervisor) နှင့် လက်တွဲလုပ်ကိုင်သွားရမည်။
  • Teaching time is 5 days a week, 1 to 2 hours a day.သင်ကြားချိန်မှာ တစ်ပတ်ကို ၅ ရက်၊ တစ်နေ့ ၁ နာရီမှ ၂ နာရီ ဖြစ်သည်။

How the classes runသင်ကြားရေးပုံစံ

  • If you need to miss a class, you must ask for leave in advance.အတန်းချိန် ပျက်လိုလျှင် ခွင့်တင်ရမည်။
  • In the Viber group you discuss teaching matters, set and check homework, test the students and share what is needed; lessons are taught on Zoom.Viber Group တွင် သင်ကြားရေးဆိုင်ရာများ ဆွေးနွေးခြင်း၊ အိမ်စာထပ်ခြင်း၊ အိမ်စာစစ်ခြင်း၊ စာမေးပွဲ စစ်ခြင်း၊ လိုအပ်သည်များ ပြောခြင်းများ ပြုလုပ်ပြီး Zoom ဖြင့် သင်ကြားရပါမည်။
  • Weekly Fun Quiz, Monthly Test and Chapter End Test are held.Weekly Fun Quiz၊ Monthly Test၊ Chapter End Test များ ပြုလုပ်ရပါမည်။
  • The management arranges the class times, and the class you teach may change as well. You may teach on your own, together with other teachers, or a single specialised subject.စီမံခန့်ခွဲမှုမှ အတန်းအချိန်ဇယား ပေးပါမည်။ သင်ကြားရသည့်အတန်း ပေးအပ်ခြင်းသည်လည်း အမြဲပြောင်းလဲနိုင်ပါသည်။ မိမိတစ်ဦးတည်း သင်ကြားရခြင်း၊ အခြားဆရာများနှင့် ပူးတွဲသင်ကြားရခြင်း၊ အထူးပြုတစ်ဘာသာ သင်ကြားရခြင်း ရှိနိုင်ပါသည်။
  • Classes are held in the evening so that they are convenient to attend.တက်ရောက်လျှင် အဆင်ပြေစေရန် အတန်းချိန်သည် ညနေပိုင်းတွင် ရှိပါမည်။

Other informationအခြားအကြောင်းအရာများ

  • Zoom recordings are sent to Telegram.Zoom Record ကို Telegram သို့ ပေးပို့ရပါမည်။
  • Supervisors and the school principal will hold Zoom meetings with you as needed to guide you.လမ်းညွှန်ချက်များအတွက် ကျောင်းအုပ်ကြီးနှင့် Supervisor များမှ လိုအပ်သလို မိမိနှင့် Zoom အစည်းအဝေး ပြုလုပ်သွားပါမည်။
  • Together you prepare the Lesson Plan, Action Plans, Assessment Record and Reports.ပူးတွဲပြီး Lesson Plan၊ Action Plans၊ Assessment Record၊ Report များ ပြုလုပ်သွားရပါမည်။
  • Attendance, records and reports are kept in Google Sheets. If you are not familiar with it, we will teach you.Google Sheet ဖြင့် Attendance ယူရပါမည်။ Record၊ Report များကိုလည်း Google Sheet ဖြင့် လုပ်ပါသည်။ အသုံးမပြုတတ်ပါက သင်ပေးပါမည်။

Apply as a Teaching Assistantလက်ထောက်ဆရာ (Teaching Assistant) အဖြစ် လျှောက်ထားခြင်း

You can apply to be a Teaching Assistant in the online Goodwill Classes. The classes are held in the evening, five days a week. See the original announcement below for the pay. အွန်လိုင်း စေတနာစာသင်ဝိုင်းတွင် လက်ထောက်ဆရာအဖြစ် လျှောက်ထားနိုင်ပါသည်။ အတန်းချိန်များသည် ညနေပိုင်းတွင် ရှိပြီး တစ်ပတ် ၅ ရက် ဖြစ်ပါသည်။ လစာကို အောက်ပါ မူရင်းကြေညာချက်ပုံတွင် ကြည့်ပါ။

What we look forလိုအပ်ချက်များ

  • A caring and charitable attitude.ပရဟိတစိတ် ထားရှိနိုင်ရပါမည်။
  • Good communication.ပြောဆိုဆက်ဆံရေး ပြေလည်ရမည်။
  • Able to cooperate with the team.အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်တတ်ရမည်။
  • Able to keep workplace privacy strictly.လုပ်ငန်းခွင် Privacy ကို တင်းတင်းကျပ်ကျပ် စောင့်ထိန်းနိုင်ရမည်။
  • Work hand in hand with the Supervisor.ကြီးကြပ်ရေး (Supervisor) နှင့် လက်တွဲလုပ်ကိုင်သွားရမည်။

Responsibilitiesတာဝန်များ

  • Help when students have trouble with learning on Viber or Telegram, or trouble joining Zoom.Viber၊ Telegram တွင် ကလေးများ စာသင်ရန် ခက်ခဲနေလျှင်၊ Zoom Join ရန် ခက်ခဲမှုရှိနေလျှင် ကူညီဖြေရှင်းပေးခြင်း။
  • Classroom management: keep students orderly in class and help so that lessons are not disturbed.အတန်းတွင်း စည်းကမ်းထိန်းသိမ်းခြင်း (Classroom Management) — ကျောင်းသားများ အတန်းထဲတွင် စည်းကမ်းတကျရှိစေရန် ကြပ်မတ်ပေးခြင်းနှင့် သင်ကြားမှုကို အနှောင့်အယှက်မဖြစ်အောင် ဝိုင်းဝန်းကူညီပေးခြင်း။
  • Instructional support: explain the lesson again in a Zoom room so students understand what the class teacher has taught, and help with exercises.သင်ကြားမှုဆိုင်ရာ ပံ့ပိုးခြင်း (Instructional Support) — အတန်းပိုင်ဆရာ သင်ကြားပြီးသား သင်ခန်းစာကို ကျောင်းသားများ နားလည်အောင် ပြန်လည်ရှင်းပြပေးခြင်း (Zoom Room) နှင့် လေ့ကျင့်ခန်းလုပ်ရာတွင် ကူညီပေးခြင်း။
  • Office and administration: take attendance on Google Sheets and report it to the Supervisor, carry out any follow-up, check homework, record the marks and hand them to the class teacher.ရုံးပိုင်းဆိုင်ရာနှင့် စီမံခန့်ခွဲမှု တာဝန်များ — ကျောင်းသားခေါ်ယူခြင်း (Attendance Google Sheet)၊ Supervisor ထံ စာရင်းတင်ခြင်း၊ ထပ်ဆင့်လိုအပ်သည်များ လုပ်ဆောင်ခြင်း၊ အိမ်စာများကို စစ်ဆေးပေးခြင်း၊ အမှတ်စာရင်းသွင်းခြင်းနှင့် အတန်းပိုင်ဆရာထံ အပ်ခြင်း။
  • Support students with special needs: if there are students who need special care, help closely with their learning and needs.ထူးခြားလိုအပ်ချက်ရှိသော ကျောင်းသားများကို ကူညီခြင်း — အထူးဂရုစိုက်ရမည့် ကျောင်းသားများ (Special Education Students) ရှိပါက သူတို့၏ သင်ယူမှုနှင့် လိုအပ်ချက်တွေကို အနီးကပ်ကူညီပေးခြင်း။
  • Reporting and cooperation: regularly report students' progress or difficulties to the class teacher and report attendance to the Supervisor. Truancy call: when a student is absent, phone the parents and keep a note. The cost of the phone call is reimbursed.အစီရင်ခံခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း — ကျောင်းသားများ၏ တိုးတက်မှု သို့မဟုတ် အခက်အခဲများကို အတန်းပိုင်ဆရာမထံ ပုံမှန်အစီရင်ခံတိုင်ပင်ခြင်း၊ Supervisor ထံ Attendance တင်ပြခြင်း။ Truancy Call — ကျောင်းသား မတက်သည့်အခါ မိဘထံ ဖုန်းဆက်အကြောင်းကြားခြင်း၊ မှတ်စုမှတ်သိမ်းဆည်းခြင်း။ ဖုန်းခေါ်ဆိုမှုအတွက် ကုန်ကျစရိတ် ပြန်လည်ပေးပါသည်။
  • Receive and follow the principal's instructions: short Zoom sessions give you the instructions to carry out.ကျောင်းအုပ်ကြီး၏ လမ်းညွှန်ချက်များ (Instructions) ရယူလုပ်ကိုင်သွားခြင်း — Zoom ဖြင့် လုပ်ကိုင်ရမည့် လမ်းညွှန်ချက်များ ပေးအပ်ပါသည်။
  • When a class teacher is absent, you may be asked to cover the class.အတန်းပိုင်ဆရာများ ရက်ပျက်ရှိပါက ဝင်ရောက်သင်ကြားပေးရခြင်း ရှိနိုင်ပါသည်။

Apply on MessengerMessenger မှ လျှောက်ထားရန်

Original announcementမူရင်းကြေညာချက်

Tap a picture to open it full size.ပုံကို နှိပ်၍ အကြီးချဲ့ကြည့်နိုင်ပါသည်။

စေတနာစာသင်ဝိုင်း သင်ကြားရေးဆရာ လျှောက်ထားရန် ကြေညာချက် စာမျက်နှာ ၁ (လစာနှုန်းထား) သင်ကြားရေးပုံစံနှင့် လျှောက်ထားခြင်း ကြေညာချက် စာမျက်နှာ ၂ အခြားအကြောင်းအရာများ ကြေညာချက် စာမျက်နှာ ၃ လက်ထောက်ဆရာ (Teaching Assistant) လျှောက်ထားရန် ကြေညာချက် စာမျက်နှာ ၁ (သတ်မှတ်ချက်နှင့် တာဝန်များ) လက်ထောက်ဆရာ (Teaching Assistant) တာဝန်များ ကြေညာချက် စာမျက်နှာ ၂