Goodwill Classes (စေတနာစာသင်ဝိုင်း)စေတနာစာသင်ဝိုင်း
Online group classes for Grade 1 to Grade 12, arranged so that students can attend for just 15,000 MMK a month, for the benefit of the community. လူ့အသိုင်းအဝန်း၏ အကျိုးအတွက် ကျောင်းသားများ တစ်လလျှင် 15,000 ကျပ်ဖြင့်သာ တက်ရောက်နိုင်စေရန် စီစဉ်ပေးထားသော G1 မှ G12 အထိ Online စာသင်ဝိုင်း ဖြစ်ပါသည်။
More detailsအသေးစိတ် ကြည့်ရန် ›
- Live classes on Zoom. Homework and Zoom links are shared in Viber / Telegram groups. Classes generally start after 6 PM. Zoom ဖြင့် သင်ကြားပြီး Homework နှင့် Zoom link များကို Viber / Telegram group တွင် ပေးပို့ပါသည်။ ယေဘုယျအားဖြင့် ညနေ 6 နာရီနောက်ပိုင်း စတင်ပါသည်။
- Small classes: a class may start larger, but after about 3 months it settles at around 20 students. အတန်းစပိုင်းတွင် ကျောင်းသားဦးရေ များနိုင်သော်လည်း 3 လခန့်ကြာလျှင် တစ်တန်းလျှင် 20 ဦးခန့်သာ ကျန်ရှိတတ်သဖြင့် လူနည်းသော အတန်းငယ်များ ဖြစ်ပါသည်။
- Teachers have school-teaching experience and a spirit of goodwill, and are chosen through systematic interviews by a school principal, so students can learn comfortably. သင်ကြားသော ဆရာ/ဆရာမများသည် ကျောင်းတွင်း သင်ကြားရေးအတွေ့အကြုံရှိပြီး စေတနာထားသူများ ဖြစ်ကာ ကျောင်းအုပ်ကြီးတစ်ဦးက စနစ်တကျ အင်တာဗျူး ရွေးချယ်ထားသဖြင့် ကျောင်းသားများ သင်ယူရ အဆင်ပြေပါသည်။
- We also answer questions about what students learn at school, and teach ahead of the school pace so students can keep up and reach a higher level. ကျောင်းတွင် သင်ယူနေသော ဘာသာရပ်များကိုလည်း မေးမြန်းဆွေးနွေးပေးပြီး ကျောင်းထက် စောသင်ပေးခြင်းဖြင့် ကျောင်းသားများ လိုက်နိုင်ကာ အဆင့်ပိုမြင့်လာစေရန် ရည်ရွယ်ပါသည်။
- About 450 students from Grade 1 to Grade 12 attend now, in 2 batches. ယခု G1 မှ G12 အထိ ကျောင်းသား 450 ဦးခန့် 2 သုတ်ခွဲ၍ တက်ရောက်နေပါသည်။