Tutor Interviewing Process and AssignmentTutor Interviewing Process and Assignment
How tutors are selectedဆရာ/ဆရာမ ရွေးချယ်ပုံ
We do not register every home-tutor applicant. We check documents issued by government institutions. At the first screening, applicants are prioritised in the following order: အိမ်အရောက် သင်ကြားရေးဆရာ လျှောက်ထားသူ အားလုံးကို မှတ်ပုံတင် လက်ခံခြင်း မရှိပါ။ အစိုးရအဖွဲ့အစည်းမှ ထုတ်ပေးထားသော စာရွက်စာတမ်းများကို စိစစ်ပါသည်။ ကနဦး လျှောက်ထားရာတွင် အောက်ပါ ဦးစားပေးအစဉ်အတိုင်း ရွေးချယ်ပါသည်။
- Those who have completed an education university, an education college, or PPTT, and have already been trained in Teaching Methodologies at their own university. ပညာရေးတက္ကသိုလ်၊ ပညာရေးကောလိပ်၊ PPTT ပြီးမြောက်ထားသူများ — သက်ဆိုင်ရာ မိခင်တက္ကသိုလ်မှ Teaching Methodologies များဖြင့် ပိုင်နိုင်စွာ သင်ကြားပေးနိုင်ပြီး ဖြစ်ပါသည်။
- Teachers currently teaching at private schools. ပြင်ပ ပုဂ္ဂလိကကျောင်းများတွင် သင်ကြားနေသော ဆရာ/ဆရာမများ။
- Those with teaching experience at boarding schools, or private-tuition teaching experience. ဘော်ဒါများတွင် သင်ကြားရေးအတွေ့အကြုံ၊ ကျူရှင်သင်ကြားရေး အတွေ့အကြုံ ရှိသူများ။
- Experienced students who are currently attending university. အတွေ့အကြုံရှိပြီး လက်ရှိတွင် တက္ကသိုလ်တက်ရောက်နေဆဲ ကျောင်းသူ/ကျောင်းသားများ။
- Those who have recently passed the university entrance examination. မကြာမီက တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ထားခဲ့သူများ။
This order is only for the initial screening. The First Interview is a conversation focused on arriving on time and keeping to schedule, avoiding unwanted money-related matters, service fees, manner of communication, and willingness to cooperate. As a result, the tutors who go to teach through Best Guide rarely cancel classes and are strong in communication and cooperation. Parents who have hired tutors through this carefully checked selection often tell us they are very comfortable and at ease. ဤအစဉ်သည် ကနဦး Screening အတွက်သာ ဖြစ်ပါသည်။ ပထမအကြိမ် အင်တာဗျူး (First Interview) တွင် အချိန်မီ အချိန်မှန် ဝင်ရောက်နိုင်စေရန်၊ ငွေကြေးနှင့်ပတ်သက်၍ မလိုလားအပ်သော ကိစ္စရပ်များ မဖြစ်လာစေရန်၊ ဝန်ဆောင်ခ၊ ပြောဆိုဆက်ဆံရေးနှင့် ပူးပေါင်းလုပ်ဆောင်မှုတို့ကို ဦးတည်သော စကားဝိုင်းများ ပြုလုပ်ပါသည်။ ထို့ကြောင့် Best Guide မှ ဆရာခေါ်ယူသင်ကြားသည့်အခါ သွားရောက်သင်ကြားသော ဆရာ/ဆရာမတို့သည် အတန်းပျက်ခဲပြီး ပြောဆိုဆက်ဆံရေး၊ ပူးပေါင်းလုပ်ဆောင်ရေး ပြည့်ဝပါသည်။ စနစ်တကျ စစ်ဆေးရွေးချယ်ထားသော ရလဒ်အရ ဆရာခေါ်ယူခဲ့သော မိဘများက များစွာ အဆင်ပြေပြီး စိတ်အေးချမ်းရကြောင်း ပြောဆိုကြလေ့ရှိပါသည်။
Talking with parents first, then matchingမိဘနှင့် အရင်ဆွေးနွေးပြီးမှ ချိတ်ဆက်ပုံ
When parents ask for a tutor, we never hand the request straight to a tutor without discussing it first. We begin with a Free Consultation: we ask about the difficulties the parents and the student are facing, and record them as the parents' needs. Then, to match those recorded needs as closely as possible, we talk with one of the tutors who have applied and agree a time. A trial lesson date is then set and the tutor goes to teach. မိဘများ ဆရာခေါ်ယူသည့်အခါ မေးမြန်းဆွေးနွေးခြင်း မပြုဘဲ ဆရာထံ တန်းလွှဲပေးခြင်း မလုပ်ပါ။ ဦးစွာ အခမဲ့ ဆွေးနွေးအကြံပေးခြင်း (Free Consultation) ပြုလုပ်ပါသည်။ မိဘနှင့် ကျောင်းသား ကြုံတွေ့နေရသော အခက်အခဲများကို မေးမြန်းပြီး မိဘ၏ လိုအပ်ချက်များအဖြစ် မှတ်တမ်းတင်ပါသည်။ ထို့နောက် မှတ်တမ်းတင်ထားသော လိုအပ်ချက်များနှင့် အကိုက်ညီဆုံး ဖြစ်စေရန် လျှောက်ထားထားသော ဆရာများထဲမှ တစ်ဦးကို မေးမြန်းဆွေးနွေးပြီး အချိန်ညှိပါသည်။ ထို့နောက် စမ်းသင်ရက် သတ်မှတ်ပြီး သွားရောက်သင်ကြားပါသည်။
One tutor's teaching style may not suit every student. So if, after the trial, parents want a different tutor, we will change the tutor for them. No matter how many times parents wish to change, it is never a problem for us. ဆရာတစ်ဦး၏ သင်ကြားပုံသည် ကျောင်းသားတိုင်းနှင့် ကိုက်ညီချင်မှ ကိုက်ညီနိုင်သည့်အတွက် စမ်းသင်ပြီးနောက် မိဘက ဆရာပြောင်းလိုပါက ပြောင်းလဲပေးပါသည်။ ဘယ်နှစ်ကြိမ်ပဲ ပြောင်းလဲစေချင်စေ ကျွန်ုပ်တို့အတွက် အဆင်မပြေသည့်ကိစ္စ မရှိပါ။
Best Guide is not a service that simply connects you with whichever tutor happens to be available. We are a well-established business, and we do not force a tutor on you when the tutor does not match your needs. Best Guide သည် ရရှိနိုင်သော ဆရာတစ်ဦးကိုသာ အလွယ်တကူ ချိတ်ဆက်ပေးသည့် ဝန်ဆောင်မှု မဟုတ်ပါ။ ခိုင်မာသော လုပ်ငန်းဖြစ်သည့်အားလျော်စွာ မိဘ၏ လိုအပ်ချက်နှင့် မကိုက်ညီသော ဆရာကို အတင်း မချိတ်ဆက်ပေးပါ။
About Best Guide ›Best Guide အကြောင်း ဖတ်ရန် ›